မချမ်းဘောမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုပြီးမြောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့တွင် ဇီဝဗဒေဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးမြောက်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဘာသာရပ်များအားလုံး) စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များအလိုက် စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်မှစတင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာ မကွေး‌‌တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဘေးကင်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်များ အားလုံးဖြေဆိုပြီးစီးကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယခုနှစ် နွေရာသီမှစတင်၍ အခြေခံအားကစားသင်တန်းများ ဖွင်လှစ်ပို့ချလျက်ရှိရာ မတ် ၁၇ ရက်နေ့နံနက်(၁၁)နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ အဆိုပါ အားကစားခန်းမသို့သွားရောက်၍ သင်တန်းသား/ သူများအား လူငယ်အသိပညာပေး ဟောပြောပွဲနှင့်အတူ ပြပွဲများ ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

လဲချားမြို့တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးပိတ်ရက်အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ပခုက္ကူမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိုင်းနောင်တပ်နယ် နွေရာသီယဥ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာသင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် မိုင်းနောင်တပ်နယ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာ၊ စက်ချုပ်အခြေခံသင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် Bow ကလစ်သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်‌ပေးခဲ့သော ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် Bow ကလစ်သင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်များအသိပညာတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းအလေ့အကျင့်ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာနိုင်ရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြသခဲ့သည်။

မိုင်းယုမြို့၌ သင်္ကြန်ကာလအတွက် ပြင်ဆင်ထားသည့် နမ့်လွေချောင်းသောင်ပြင်၌ ပြည်သူများ လာရောက်လည်ပတ်ပြီး ရေကစားအပန်းဖြေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလရေကစားအပန်းဖြေ လည်ပတ်နိုင်ရန်အတွက် ပြင်ဆင်ထားသည့် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်ဘေး ယာယီတဲနှင့် ဈေးဆိုင်များတွင် ပြည်သူများလာရောက် လည်ပတ်ရေကစားအပန်းဖြေလျက်ရှိကြောင်း သိရသည်။
Subscribe to