မချမ်းဘောမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုပြီးမြောက်

မချမ်းဘော မတ် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့တွင် ဇီဝဗဒေဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးမြောက်ကြောင်း သိရသည်။

မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုသူ စာရင်းရှိလူဦးရေ အတွင်းဖြေ/ပြင်ပဖြေSTEAMS-1တွင်(၄)ဦး STEAMS-2 တွင် ၅ ဦး ၊STEAM တွင် (၄၁) ဦး (အတွင်းဖြေဆိုသူ ၄၇ဦး၊ ပြင်ပဖြေဆိုသူ၃ဦး)ရှိရာမှ အတွင်းဖြေဆိုသူ STEAM မှ(၆)ဦးပျက်ကွက်ခဲ့ပြီး ဖြေဆိုသူ ၈၈ ရာခိုင်နှုန်း ပျက်ကွက်သူ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

အဆိုပါတက္ကသိုလ်စာမေးပွဲဖြေဆိုရာ၌ အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရေးနှင့် မလိုလားအပ်သော အနှောင့်အယှက်များ မဖြစ်ပေါ်စေနိုင်ရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာပြင်ပကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော)