မိုင်းနောင် မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် မိုင်းနောင်တပ်နယ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ နွေရာသီကျောင်းပိတ်ချိန်များတွင် ကျောင်းစာအပြင် ပြင်ပစာပေများ သင်ယူလေ့လာဖတ်ရှုနိုင်စေရန်၊ မိမိတို့ကိုးကွယ်သည့် ဘာသာ၊ သာသနာ၏ သမိုင်းကြောင်း အနှစ်ချုပ်များအား သိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များအား ရွေးချယ်ဖတ်ရှုမှတ်သားကာ အဖွဲ့လိုက်မျှဝေခြင်း၊ ပုံပြင်ပြောခြင်း၊ ဥာဏ်စမ်းပဟေဠိများနှင့် ဗုဒ္ဓဝင်အနှစ်ချုပ်များ အပြန်အလှန်မေးမြန်းဖြေကြားစေခြင်း၊ ယဉ်ကျေးလိမ္မာကဗျာများ ရွတ်ဆိုစေခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)