မုံရွာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ ၁၁၇၅ ဦး ဖြေဆိုပြီးစီး

မုံရွာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မတ် ၁၇ ရက်နေ့ ၁၂ နာရီအချိန်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ ၁၁၇၅ ဦးအေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ စာဖြေကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်ဘူးများ လှူဒါန်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade- 12) ဖြေဆိုကြသည့် စာဖြေကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည် လှူဒါန်းခြင်းကို မတ် ၁၇ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ် (Community centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၈) ရက် နံနက် (၁ဝ) နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒနှင့်‌ဘောဂဗေဒ ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁၄၃)ဦးက မတ်လ(၁၇)ရက် နောက်ဆုံးနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ် ဖြေဆိုပြီးစီး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာဖြေဆိုနေ့တွင် (၁၃၀၄) ဦး ဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြန်အောင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၈)ခုတွင် ကျောင်းသား/ ကျောင်းသူ(၈၄၃)ဦး ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာသာရပ်တို့အား ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် မတ် ၁၇ ရက်နေ့နံနက်က ကျောင်းသား/ ကျောင်းသူ(၈၄၃)ဦး ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
Subscribe to