ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြသ

ကျောက်တလုံးကြီး မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်များအသိပညာတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းအလေ့အကျင့်ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာနိုင်ရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြသခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် လူငယ်များ ကြိုက်နှစ်သက်သည့် ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ တိုင်းရင်းသားရိုးရာစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များကို ပြသထားပြီး နံရံကပ်စာစောင်ပြပွဲ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ပညာ၏အရေးပါပုံ၊ စာအုပ်စာပေလူ့မိတ်ဆွေ စသည့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ပြသထားရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များ၊ ကလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန္တာ