ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား သက်ဆိုင်ရာ ဘာသာရပ်များအား ဝင်ရောက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် တို့တွင် ကျောင်းသား၊ ကျောင်းသူ (၆၁၂)ဦး ရာခိုင်းနှုန်းအားဖြင့် ၉၇.၅၂ နှင့် စက်မှုစိုက်ပျိုးမွေးမြူရေး စာစစ်ဌာန (၁)ခုတွင် လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ် မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှုနည်းပညာ၊ လူမှုရေးသိပ္ပံ၊ စားမြုံပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေး ဘာသာရပ်တို့၌  ကျောင်းသား၊ ကျောင်းသူ ၇၀ ဦး  ရာခိုင်းနှုန်းဖြင့် ၉၈.၅၉ တို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ပြီး၊ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအား အလှူရှင်များက အချိုရည် များဖြင့် လှူဒါန်းကြသည်။

မိုင်းဆတ်မြို့၌ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်အွန်လိုင်းငွေကြေးလိမ်လည်မှု အသိပညာပေးရေးအဖွဲ့က ကြီးမှူး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

၂၀၂၆-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟားခါးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆက်လက်ကျင်းပလျက်ရှိရာ ချင်းပြည်နယ်အတွင်းရှိစာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာ ရပ်၊ ဘောဂဗေဒဘာသာရပ်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တို့ကို ကျောင်းသား ၊ ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ (၁၃၈၇) ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၁၃၈၇) ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် မိတ်ဆက်အခမ်းအနားသို့ တက်ရောက်

တတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့၌ (၂၀၂၆)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယမန်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ.ထ.က (လက်ပံပျား) ၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ကျောင်းသား/ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ စက်မှုဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်းသင်တန်း၌ အာဟာရမုန့်နှင့် သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ်နေသည့် ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်း အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသားသင်တန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ယနေ့နံနက် ၁၀ နာရီခွဲ၌ အာဟာရမုန့်များ ပေးဝေခဲ့ပြီး ပန်းချီသင်တန်း အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to