ပင်လုံ ဇွန် ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသလူငယ်များ ဖွံ့ဖြို့ရေးသင်တန်းကျောင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သန္တာရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။ ယင်းနောက် စုပေါင်းမှတ်တန်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းဖွင့်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်။
အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကို ယခုလ (၂၀) ရက်နေ့အအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး(ပြန်/ဆက်)