ပွင့်ဖြူမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပွင့်ဖြူ ဇွန် ၁၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ဇွန် (၁၈) ရက်၊ နံနက် (၁၀) နာရီခွဲ အချိန်က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာများနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူမည့် အချက်အလက်ဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ လူ့အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေပြဌာန်းချက်/ကောက်နုတ်ချက်များ၊ လူမှုရေးပင်စင်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဦးက တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုး၏ ဝိသေသရှေ့ဆောင် စကားလုံးများပါဝင်သည့် အမည်ဖြင့် ကျောင်းအမည်စာရင်း ရေးသွင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် အချက်များ၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး‌ ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က တက်ရောက်လာသည့် တိုင်းရင်းသားများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တက်ရောက်လာကြသူများကိုယ်စား ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးချစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်ချက် စစ်တမ်းကောက်ယူရေး မေးခွန်းလွှာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်တမ်းများကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်သော ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမွေးခွန်းလွှာများကို စိတ်ဝင်တစ်စား ဖြေဆိုခဲ့ကြကာ တိုင်းရင်းသားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)