ပုသိမ်မြို့၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်း အခွန်ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေး

ပုသိမ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်း အခွန်ပညာပေးဆွေးနွေးပွဲကို တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးကွပ်ကဲမှုအောက်ရှိ ပုသိမ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်မြို့နယ်အခွန်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကိုဦးက ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်များ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ လုပ်ငန်းရှင်များမှ အခွန်ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်း အခွန်ဥပဒေဆိုင်ရာ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ စားသောက်ဆိုင်၊ ရွှေဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အင်း၊ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်း ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များ စုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)