မအူပင် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေးအုပ်စု၊ ရေလဲကလေး ကျေးရွာတွင် ၂၀၂၄-၂၀၂၅ခုနှစ် (မိုးစပါး) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါစိုက်ပျိုးနည်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ရေလဲကလေး ကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာရှိ တောင်သူဒေါ်ကေသီမိုး၏ ကွင်းအမှတ်(၇၅၇)၊ ဦးပိုင်အမှတ်(၁၅)၊ စိုက်ဧက (၅.၀၀)ဧကရှိ လယ်ယာမြေတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆင်းသုခ မိုးစပါးအား မျိုးစေ့ချ ကရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)