ရှင်ဗွေယန်မြို့၌ တက္ကသိုလ်ဝင်တန်း ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/သူများ ဆက်လက်ဖြေဆို

‎၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ စာစစ်ဌာနတွင် ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်တွင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အဖိုးတန်ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ်/ ကုမ္ပဏီများ၊  ရတနာဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့သည်။  

မအူပင်မြို့၌ ငလျင်ဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ငလျင်ဘေးပညာပေးစာစောင်များဖြန့်ဝေခြင်း ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လယ်(၁၂)နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကဗျာလွတ်အက သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကဗျာလွတ်အကသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.ကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Quick Win အစီအမံ (၅)ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်စီ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီးမြိုနယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုအရာခံဗိုလ် စိုးပိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် Quick Win အစီအမံ (၅)ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်/ထွက် ဂိတ်များ၊ မြို့နယ်လမ်းစုံနှင့် တောင်တွင်း-ပြည်လမ်း၊ တောင်တွင်း-မကွေးလမ်း၊ တောင်တွင်း- နတ်မောက်လမ်းများတွင်လည်း နေ့စဉ်ကွင်းဆင်းဆောင်ရွက်ခဲ့လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါအသင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ ငလျင်ဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်၊ လက်ကမ်းစာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်နေပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက ငလျင်ဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

အောင်လံမြို့နယ်၌ နွေစပါး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပညာပေးစံပြကွက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစပါးထုတ်လုပ်မှုမြင့်မားစေရန်နှင့် တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန် ရည်ရွယ်၍ နွေစပါးလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုသရုပ်ပြပညာပေးစံပြကွက်ကို ယနေ့နံနက်ပိုင်းက သံရွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to