တောင်တွင်းကြီး မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အဖိုးတန်ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ်/ ကုမ္ပဏီများ၊ ရတနာဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များသည် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူထားခြင်း ရှိ/မရှိ၊ နိုင်ငံတော်ကသတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာ ရောင်းချခြင်း ရှိ/မရှိ၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဥ်း၍ အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းသတ်မှတ်စျေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းစျေးဖြင့်သာ ရောင်းဝယ်ခြင်း ရှိ/ မရှိ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံဗဟိုဘဏ်တို့က ထုတ်ပြန်ထားသော စည်းမျဥ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ /မရှိ ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရယူထားခြင်း ရှိ/မရှိ စသည့် အကြောင်းအရာများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)