တောင်တွင်းကြီး မတ် ၁၈
မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်စီ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီးမြိုနယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုအရာခံဗိုလ် စိုးပိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် Quick Win အစီအမံ (၅)ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်/ထွက် ဂိတ်များ၊ မြို့နယ်လမ်းစုံနှင့် တောင်တွင်း-ပြည်လမ်း၊ တောင်တွင်း-မကွေးလမ်း၊ တောင်တွင်း- နတ်မောက်လမ်းများတွင်လည်း နေ့စဉ်ကွင်းဆင်းဆောင်ရွက်ခဲ့လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းမပြုရန်၊ အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင်မှုမရှိခြင်း၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်းမပြုရန်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
နောင်နောင် (ဗိဿနိုးမြေ)