ရွှေသောင်ယံမြို့ အမှတ် (၂) ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အမှတ် (၂) ရပ်ကွက်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ​နေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်ရာ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က အမှတ် (၂) ရပ်ကွက် အသောကာရာမကျောင်းတိုက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သုံးထပ်သင်တန်းသားဆောင်ဖွင့်ပွဲများတက်ရောက်

(၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း (တဲကြီးကုန်း)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်းစိုက်ဧကအားလုံးရိတ်သိမ်း တင်း ၂၃၀၄၈၈ ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော နှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီး တင်း ၂၃၀၄၈၈ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ပူတာအိုမြို့အား အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့များဆု အစီအစဉ် 7th ASEAN ESC Award နှင့် 6th Certificate of Recognition ဆုများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုမြို့အား 7th ASEAN ESC Award နှင့် 6th Certificate of Recongnition ဆုများအတွက် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အတွက် မတ် ၁၇ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းဝေးမှ သိရသည်။

ကော့မှူးမြို့နယ်တွင်ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးလိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မ‌ဈေးကြီး၌ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းခရိုင်၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်း (စတုတ္ထနေ့) ဆက်လက်သင်ကြားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းအား ယနေ့ နံနက်ပိုင်းက စတုတ္ထ​​မြောက်နေ့ ဆက်လက်သင်ကြားလျက်ရှိသည်။

အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်များအားစူဠ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

 အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အမရပူရမြို့၊ မှန်တန်းရပ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်အတွင်းရှိ ဓမ္မသာလာကျောင်းဆောင်အတွင်း မတ် ၁၉ ရက် နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားနိုင်ရေးအတွက် မတ် ၁၈ ရက် နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုနှင့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်ပေး

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး NCD&Elderly Clinic ခန်း၌ ယမန်နေ့က သွေးတိုး၊ဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုနှင့် အငြိမ်းစားဝန်ထမ်းများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီက ရွှေဖားစည်အိမ်ရာ(၂) အခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to