မကွေး မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါအသင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဇော်ထွန်းတို့က အမှာစကားပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)