တံတားဦးမြို့နယ် တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် လူငယ်ရေးရာပညာပေး ဟောပြောပွဲကျင်းပ

တံတားဦး ဇွန် ၂၀

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း  နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်း သိရသည် ။

အခမ်းအနားတွင် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာ ဦးမိုးဟိန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ပြောကြားရာတွင် ကျောင်းသား/သူများအနေအဖြင့် ပညာကိုကြိုးစား သင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏ အနာဂတ်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံပြီး ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးမျိုးဇော်သန့်က “ လူငယ်နှင့်ဥပဒေ “ခေါင်စဉ်ဖြင့် လည်းကောင်း ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “ လူငယ်နှင့်အားကစား “ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းက “ သဘာဝဘေးအန္တရာယ်အကြောင်း” ကိုလည်းကောင်း အသီးသီးဟောပြောကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးကြသည် ။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များကိုပြသထားရာ ဆရာ/မများနှင့် ကျောင်သား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)