မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အလယ်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ် နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၌ ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု နမ့်မော်ဆွမ့် အ​ခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၈) နာရီအချိန်က စတင်ကာ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂီတနေ့အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂီတနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင် အနီးရှိ PANORAMA Restaurant ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများ၊ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကန့်ဘလူမြို့ အ.ထ.က( ၂)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကျောင်းအတွင်းရှိ ရေကန်၊ရေစည်များတွင် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်  မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်  (၅၆၅)ပင်အား စုပေါင်း စိုက်ပျိုး

သုံးခွမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာအုပ်စု မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄ ၊၄/၅ကြားတွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်းသိရသည်။

မိုးနဲမြို့နယ် အထကကျောင်း၌ မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း တန်းစီကွင်းနေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း သစ်တောသစ်ပင်များဖြင့် စိန်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် (ဒုတိယအကြိမ်)မိုးရာသီ လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊အမှတ်(၃)ကျေးရွာရှိ ကုန်းလန်းအခြေခံပညာ မူလတန်းလွန် ကျောင်းဝန်းအတွင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားအား ‌ယမန်နေ့က ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။

မိုင်းပန်မြို့နယ်၌ စစ်မှုထမ်း‌‌ဟောင်းအဖွဲ့အား ယူနစ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် ယူနစ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့်တည်ဆောက်ထားသည့် မိုင်းယု-ဒွန်းနွဲ့ ကြိုးတံတား အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် တည်ဆောက်ထားသည့် မိုင်းယု-ဒွန်းနွဲ့ ကြိုးတံတားအား ယနေ့နံနက်ပိုင်းက ကြံ့ခိုင်မှု ရှိ/မရှိတို့ကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to