သာပေါင်းမြို့နယ် သီရိရွှေသာဈေး မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သီရိရွှေသာဈေးအတွင်း အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးကြသည်။

ပြည်သူအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်၌ EVM စက်အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (EVM) စက် အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to