နမ့်စန်(တ) ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း သစ်တောသစ်ပင်များဖြင့် စိန်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် (ဒုတိယအကြိမ်)မိုးရာသီ လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊အမှတ်(၃)ကျေးရွာရှိ ကုန်းလန်းအခြေခံပညာ မူလတန်းလွန် ကျောင်းဝန်းအတွင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ပျိုးပင်များပေးအပ်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် ကုန်းလန်းမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းအိရွှေတို့က လက်ခံရယူခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင် က ပျိုးပင်များပေးအပ်ခဲ့ရာ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဦးဆောင်၍ နမ့်စန်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးငြိမ်းချမ်းနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ဒေသခံပြည်သူများက စိန်ပန်းပြာ (၃၅၀)ပင်၊ ချယ်ရီ (၃၅၀)ပင်နှင့် ထောပတ်(၃၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၀၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)