နမ္မတူတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ၊ ဆန်ဖိုးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက် (၈)နာရီ (၄၀)မိနစ်အချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေမြင့်တက်ကာ ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ၊ ဆန်ဖိုးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။