မြိတ်မြို့တွင် ဒီရေတောထိန်းသိမ်းရေး မိုးရာသီဒီရေတောသစ်ပင် ဗြူးအုပ်ဆောင်းနှင့် ဗြူးခြေထောက်အပင်(၂၀၀၀) စုပေါင်းစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာ ကလွင်မှော်ကမ်းခြေတွင် ဒီရေတောသစ်ပင် ဗြူးအုပ်ဆောင်းနှင့် ဗြူးခြေထောက်အပင်(၂၀၀၀)ကို ငါးလုပ်ငန်းဦးစီးဌာန၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆီဆိုင်မြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကျောင်းရှိခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကုန်းကြီးကျေးရွာနှင့် သိုင်းဝကျေးရွာတို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်သည်။

လှည်းကူးမြို့နယ် ဟိုင်းကူးကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက (ဆင်းသုခ) မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခြင်းကို သာယာကုန်းကျေးရွာကွင်းအမှတ်(၉၈၅-B)၊ ဦးပိုင်အမှတ်(၂၂/က) တောင်သူဦးစိုးသန်း၏ လယ်မြေ(၂.၀၀)ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်များကောက်ယူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်(Biometric Data)စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ပေါင်းနားရပ်ကွက်အတွင်းရှိ အဆိုပါရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်မရောမြို့နယ်၌ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောက်ပံ့ငွေနှင့် စားသုံးကုန်ပစ္စည်းများပေးအပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌၂၀၂၄ခု၊ ဇူလိုင်လ ၆ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထ္ထရံအားမာန်ငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသူ၊ အသင်းသားများအားအစုပေါ် အမြတ်၊ စုဆောင်းငွေအပေါ် အတိုးနှင့်စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့် (၁) နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု၊ ဆွတ်ဝိုးကျေးရွာတွင် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆွတ်ဝိုးတိုက်နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
Subscribe to