သုံးခွမြို့နယ်  မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်  (၅၆၅)ပင်အား စုပေါင်း စိုက်ပျိုး

သုံးခွ ဇွန် ၂၄

သုံးခွမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာအုပ်စု မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄ ၊၄/၅ကြားတွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်းသိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံတောအုပ်ကြီးဦးသက်ဉာဏ်ဦးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ထံသို့ ပျိုးပင်များပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများထံပေးအပ်၍ မန်ဂျန်ရှား(၅၀၀)ပင်၊ စိန်ပန်း(၂၇ )ပင်၊ ငုရွှေဝါ (၂၅ )ပင်၊ မဟော်ဂနီ (၉ )ပင်၊ ကျွန်း (၂ )ပင်၊ ခရေ (၁) ပင်၊ ပိတောက်( ၁ )ပင် စုစုပေါင်းပျိုးပင် (၅၆၅ )ပင်ကို  စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့တို့ စုပေါင်း၍ သစ်ပင်စိုက်ပျိုးပေးကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်