မိုးနဲ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၈) နာရီအချိန်က စတင်ကာ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သူနာပြု ဆရာမများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်ပေးမှုဖြင့် အသက် (၅) နှစ်မှ အသက် (၇) နှစ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများကို ထိုးနှံပေးခဲ့ပြီး အဆိုပါကာကွယ်ဆေးကို အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကလေးများ သက်ရှည်ကျန်းမာစေရေးအတွက် လစဥ် (၃) ရက်နေ့၌ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအပြင် လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)