ဒေါပုံ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂီတနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင် အနီးရှိ PANORAMA Restaurant ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများ၊ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဂီတအ စည်းအရုံး (ဗဟို) မှ ပေးပို့သော သဝဏ်လွှာအား မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တွဲဘက်အတွင်းရေးမှူး ဓညဝတီ ဦးကျော်ဝင်းက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးရစ်ချတ်က မုဒိတာစကားပြောကြားခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ဦးလှနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးမှ ဂီတအနုပညာရှင်များက မြန်မာ့တူရိယာစောင်းဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးဂီတ အဖွဲ့ဖြင့်လည်းကောင်း တွဲဖက်ကာ တေးသီချင်းများဖြင့် အသီးသီးဖျော်ဖြေတင်ဆက်၍ ဂီတနေ့ကိုကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)