ကြည့်မြင်တိုင် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ် ရွှေထီးရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ဘုရားနှစ်ဆူကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင်အဖွဲ့အစီရင်ခံစာ အသင်းသားအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှုဒါရိုက်တာဦးမြင်လှိုင်က ဆွေးနွေးပြီး တက်ရောက်လာသည့် အသင်းသားများက အတည်ပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းယုက သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ အသင်းဝင် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)