ငွေဆောင် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်( ၂) ရပ်ကွက်၊ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်များကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့မီးသတ်တပ်ဖွဲ့တို့မှ ငွေဆောင်မြို့အတွင်းရှိ ဆန်ဆိုင်( ၆) ဆိုင်အား သတ်မှတ် စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချသွားရန်၊ စျေးနှုန်းကဒ်ထားရှိခြင်းမရှိသည့် ဆိုင်များအား စျေးနှုန်းကဒ် ထားရှိရန်နှင့် ပုသိမ်မြို့မှ ဆန် ဝယ်ယူခဲ့သည့် ဘောင်ချာများတွင် ရည်ညွှန်းစျေး မှန်ကန်ခြင်း ရှိ/မရှိတို့အား စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
R – 014( ငွေဆောင်)