၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

ဗိုလ်တထောင် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သံလျှက်စွန်း၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနားအား ယနေ့နံနက် (၇) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ စုစုပေါင်းအင်အား (၁၀၀) ခန့်တက်ရောက်ခဲ့သည်။

ပထမဦးစွာ ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်တို့မှ ပျိုးပင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွှန့်နှင့်အဖွဲ့ဝင်များထံ ပေးအပ်ခြင်း၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်မှ ပျိုးပင်များအား မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ထံပေးအပ်ခြင်းများ ဆောင်ရွက်၍ ခ​ရေပျိုးပင် (၇၀) အားစိုက်ပျိုးခဲ့ကြောင်း၊ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား (၇) နာရီ (၄၅) မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းနှင့် အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာသူများ စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး​ကြ​ပြီး လက်ဖက်ရည်နှင့်မုန့်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရသည်။

ခင်ဝင်း(ပြန်/ဆက်)