ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်များပြသ

ကရသူရိ ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက‌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်သား/သူများ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကို သိရှိနားလည်စေရန် ပညာပေးပြသခြင်းဖြစ်ရာ ထိုသို့ပြသရာ၌ဘိန်းဖြူမှုန့်၊ WY ဆေးပြား၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်‌ဆေးပြား၊ ဆေး‌ခြောက်၊ ကော်စသည့် ဓာတ်ပုံပြဘုတ်နှင့် နံရံကပ်စာစောင်တို့ကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်များတိုးပွားရေး စာအုပ်/စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၄)ဦး လာရောက်လေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)