သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁)လုံး အမိုးလန်‌ ပျက်စီးမှုဖြစ်ပွား

သာပေါင်း ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ဂတက်ရိုးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ဂတက်ရိုး ကျေးရွာတွင် နေထိုင်သူ ဦးစံသိန်းနှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)အောက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၈)ဦးတို့ နေထိုင်ရာ(ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း)၊ (၁၈×၁၅×၁၈’)နေအိမ် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြရပြီး ပျက်ဆီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ်ဆုံးရှုံးမှု မရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)