ကျိုင်းတုံ ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ရာဂျာဘတ်တက္ကသိုလ်တို့မှ ကြီးမှူးကျင်းပသည့် The Logistics and Supply Chain Development of Cross-Border Trading and Investment From Thailand To China ခေါင်းစဉ်ဖြင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာ၊ ပါမောက္ခ(ဌာနမှူး)နှင့် ဆရာ/ဆရာမများ၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းရာဂျာဘတ်တက္ကသိုလ်မှ Assisant President Dr. NatthaPhon Santhi နှင့် Assisant Prefessor Dr.Watchara Watanarawee၊ ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးမြင့်အောင်၊ ကျိုင်းတုံမြို့နယ်၊ အကောက်ခွန်ဦးစီးဌာန ဦးမြတ်မင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လမ်းကြောင်းတစ်လျှောက် နိုင်ငံတစ်ခုစီ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်/ရင်းနှီးမြှုပ်နှံမှုထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ ပြိုင်ဆိုင်မှုအလားအလာများကို လေ့လာနိုင်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု/ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ခွဲခြမ်းစိတ်ဖြာနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)