ဘားအံ ဇူလိုင် ၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံခရိုင်ရုံးခွဲနှင့် ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ အစီအစဉ်ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောရာတွင် ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းက အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျသိမ်းဆည်းခြင်း ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ ဘားအံမြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင် (၂၃)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)