မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

မကွေး ဇူလိုင် ၂

၂၀၂၄ ခုနှစ်၊  မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ   ၃၀ ရက်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အားကစား ဝါသနာရှင် လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် အောင်လံခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မကွေးခရိုင် အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆုရရှိသူအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး ဒေါ်ဥမ္မာဆွေကလည်းကောင်း၊ နောက်တန်း အကောင်းဆုံးဆုရရှိသူအား တိုင်းရင်းသားရေးရာ ဝန်ကြီး၏ဇနီး ဒေါ်စိန်ကလည်းကောင်း၊ အလယ်တန်း အကောင်းဆုံးဆု ရရှိသူအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး ဒေါ်အေးသူဇာကလည်းကောင်း၊ ရှေ့တန်း အကောင်းဆုံးဆုရရှိသူအား သံယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်သက်သက်ဦးက လည်းကောင်း၊ အကောင်းဆုံးအားကစား သမားဆုအား စီးပွားရေးရာဝန်ကြီး၏ဇနီး ဒေါ်စန္ဒာစောက လည်းကောင်း ဆုကလပ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒုတိယဆုရရှိသော အောင်လံခရိုင်အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသား ဆု(၅)သိန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သူဇာဦးက လည်းကောင်း၊ ပထမဆုရရှိသည့် မကွေးခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆု (၇)သိန်းကို  မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊  မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဖလားခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ