သံတောင်ကြီး ဇူလိုင် ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျမ်းမာရေးဌာနမှဝန်ထမ်းများက အခြေခံပညာ အထက်ကျောင်းတွင် အသက် (၇) နှစ်အောက် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးနှံမီ သံတောင်ကြီးမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇေယျာဦးက မြေကြီး၊ ဖုန်မှုန့်၊ ညစ်ပတ်သည့်ရေထဲတွင် မေးခိုင်ရောဂါဖြစ်သည့် ဘက်တီးရီးယားပိုးမွှားများရှိနေကြောင်း၊ ဘက်တီးရီးယားပိုးမွှားများသည် သေချာမကာကွယ်ထားသည့် အနာနှင့်ဒဏ်ရာများမှတစ်ဆင့်လူ့ ခန္ဓာကိုယ်သို့ဝင်ရောက် ကူးစက်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက အသက် (၇) နှစ်အောက် KG ကျောင်းသား၊ ကျောင်းသူ များအား ဆုံဆို့ - မေးခိုင် ကာကွယ်ဆေး (DT) ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ