ကလော ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Clubအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် အညတြစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့ဝင် ဒေါ်ပြည့်ဖြိုးကြွယ်၊ ဒေါ်အေးမာဌေး၊ ဒေါ်ဇာခြည်ငြိမ်းနှင့် ဦးကျော်ဇေယျာလင်းတို့က စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် စာအုပ်ပါအကြောင်းအရာများ ဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များပေါ် မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက ပြန်လည်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)