လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦး ဌေးအောင်၏ လယ်မြေတွင် ယမန်နေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော၂၀၂၄ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းက တက်ရောက်လာသူများအား KUBOTA(၆)တန်းသွား ကောက်စိုက်စက်ဖြင့် ယခုနှစ်မိုးရာသီတွင် လေးမျက်နှာမြို့နယ်အတွင်း မိုးစပါး(၂)ဧက စိုက်ပျိူးခြင်းဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိူးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိူးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိူးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ကောက်စိုက်စက်ဖြင့် စိုက်ပျိူးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိူးကျေးဇူးများရရှိကြောင်း ရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌သောင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)