ပုဗ္ဗသီရိ ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁ ရက်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်ကျော်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမျိုးထွန်းနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဆင်သေလက်ယာမြောင်းတာဝန်ခံ ဦးအောင်နိုင်ဦးတို့က အသိပညာပေးဟောပြောရာတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ မိုးစပါးရာသီတွင် မိုးစပါးစိုက်ခင်းအားလုံး ကျဲခြင်းစနစ်ပပျောက်ပြီး အတန်းလိုက်စနစ် ဖြစ်ပေါ်စေရေးအတွက် တောင်သူပညာပေးဆွေးနွေးခဲ့ကြပြီး၊ မိုးသီးနှံစိုက်ပျိုးမှုအတွက် မျိုးလိုအပ်ချက် စာရင်းပြုစု၍ တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိစေရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တောင်သူများမှ အစို Seeder များ ၀ယ်ယူရန် စာရင်းပေးကြကာ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာခွဲများမှတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)