ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ဒဂုံတောင် ဇူလိုင်  ၃

ဇူလိုင်(၃)ရက်နေ့ ယနေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများ‌နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင်၊ စာဖတ်ဝိုင်းနှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ရည်ရွယ်ချက်အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ရာဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေးရေးသားသည့်ဆည်းဆာရသစာတမ်းများစာအုပ်ပါ ဘာလာလုပ်တာလဲ၊ ကံတူအကျိုးပေး၊ အမြတ်ဆုံးဆေးရုံ၊ စိတ်ဂုဏ်ထူးခြောက်ဘာသာရဖို့  စသည့်အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများ ကိုယ်စိတ်ရွှင်လမ်းစေရန်၊ တွေးခေါ်စဉ်းစားတတ်စေရန် သင်္ချာဉာဏ်စမ်းများဖြင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပကာ အဖြေမှန်သူများအား အမှတ်တရလက်ဆောင်များပေးချီးမြှင့်ပေးရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

သန်းသန်းအေး