ပေါင်မြို့နယ်(အ.ထ.က)နတ်ကြီးချောင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

ပေါင် ဇူလိုင် 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် (၃) ရက်နေ့ နံနက် (၁၀) နာရီက နတ်ကြီးချောင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့   လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ နတ်ကြီးချောင်တာဝန်ခံ ကျန်းမာ‌ရေးလက်ထောက်ကြီးကြပ်ရေးမှူး ဦးဥာဏ်လင်းနှင့် တာဝန်ရှိသူတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများ စသည့်ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)