မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ် ဇွန် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ​ချစ်နိုင်(စိတ်ပညာ)​၏ “​​အောင်မြင်ခြင်းရဲ့ အုတ်မြစ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်က “ပညာကိုမြတ်နိုးတတ်​သော” ​ခေါင်းစဥ်ဖြင့် ဖတ်ကြားပြီး ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က “ကံဆိုသည့်မှာ ​စေတနာ”ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအဖွဲ့၊ အတွင်း​ရေးမှူး ဦး​အောင်မြတ်မိုးက ​“အောင်မြင်ခြင်းရဲ့ အုတ်မြစ်”​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ ​ဒေါ်မျိုးသီရိက “ပညာနဲ့ မိမိ”ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့​ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)