သရက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်-အောင်လံ မော်တော်ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များက ရေယဉ်မောင်းနှင်သူများအနေဖြင့် ပြည်သူများ၏အသက်အန္တရာယ်ကို ကယ်တင်ရန် အသက်အင်္ကျီကို မော်တော်ရေယာဉ်များပေါ်တွင် စနစ်တကျ ထားရှိရန်နှင့် အင်္ကျီများကို စုတ်ပြဲခြင်း ရှိ/မရှိ စစ်ဆေးပေးခဲ့ကာ ခရီးသွားပြည်သူများကို မြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များကစနစ်တကျဝတ်ဆင်ပြသပေးခဲ့ပြီးအသိ ပညာပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)