ပခုက္ကူမြိုနယ်၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ အရန်သင့်စုဖွဲ့ထားရှိ

ပခုက္ကူ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်   အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး အဖွဲ့ကို လူ/ယာဉ်/စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများ အပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝ ဘေးအမျိုးအစားအလိုက် တပ်စုအဖွဲ့များ လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုး‌ဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများကို ကြိုတင် ကာကွယ်စောင့်ရှောက် ကူညီပေးနိုင်ရေးအတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် ယာဉ်နှင့်စက်ကိရိယာများကိုလည်း အသင့်စုဖွဲ့ထားရှိလျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က ပြောသည်။ 

ဘာမီသာ(ပခုက္ကူ)