မြောင်းမြခရိုင်၌ အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ

မြောင်းမြ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာခရိုင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး “ယနေ့မြန်မာအမျိုးသမီး”စာရေးသူမသီတာ(စမ်းချောင်း)၏စာအုပ်ဖြင့် ဆွေးနွေးကြရာ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေထက်ထက်၊ဒေါ်အုန်းအုန်းလွင်၊ဒေါ်ခင်ဇာခြည်မျိုးနှင် တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်၊ပြန်/ဆက်