မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က စာပေဗိမာန်ဆုရ "တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ" ဝတ္တုတိုများ စုစည်းမှုစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  စာရေးဆရာဘိုမျိုး(ရွှေဘို)က ကျောင်းသူကျောင်းသားများအတွက် သုတရသစာပေရေးရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံသို့ စာရေးဆရာတင်တော်ကလည်းကောင်း၊ အလှူရှင်များကိုယ်စား စာရေး ဆရာ ရွှေညာမြေမြတ်သင်းကြိုင်ကလည်းကောင်း သုတ/ ရသ/ စာအုပ်စာစောင်များကို အသီးသီး ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ