မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

မိုးနဲ ဇူလိုင် ၉

ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းတန်းစီကွင်းပြင်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာမများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကိုသိရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်အပေါင်းတို့၏ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် လွတ်လပ်ရေးရှိရန်ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့၏ ဂုဏ်ရည်ကို အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်‌ရန်နှင့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ထာဝစဉ်ရှင်သန်ထက်မြက်ရေးကို အသီးသီးဟောပြောပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)