အ-ထ-က (သရက်ချောင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်း အနားကျင်းပ

သရက်ချောင်း ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သံပြိုင်သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ‌ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့‌နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီအမှုဆောင်အမည်စာရင်းများကို ကျောင်းကောင်စီ ဒုတိယဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ကျောင်းကောင်စီကတိသစ္စာ (၄)ချက်ကို ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခဲ့ခြင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် တာဝန်အထိမ်းအမှတ်အလံများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူကပေးအပ်ရာ အသင်း(၅) သင်းမှ ကျောင်းကောင်စီအ‌ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီးနောက် နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း ရုပ်သိမ်းခဲ့သည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)