မြောင်းမြ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြောင်းမြခရိုင်တရားသူကြီး ဒေါ်ခင်ဝင်းလှိုင်၊ လပွတ္တာခရိုင် တရားသူကြီး ဦးကျော်စိုးမိုးတို့နှင့်အတူ မြောင်းမြအကျဉ်းအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြောင်းမြအကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်သူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့်အဆောင်များ၊ စားဖိုဆောင်နှင့် ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ၊ မရှိ၊ နေထိုင်ခင်းအဆင်ပြေမှု ရှိ၊ မရှိ၊ ကျန်းမာရေးစောက်ရှောက်မှု ရ၊ မရအခြေအနေများကို စစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)