ဟင်္သာတ ဇူလိုင် ၁၁
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က ရှားခဲကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကျောင်းစာကြည်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေလေ့လာဖက်ရှုကြရေး၊ ကလေးသူငယ်များ အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ကောင်းများရရှိလာစေရန်၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးလာစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ကျောင်းသား ကျောင်းသူများကို ပြန်/ဆက်ဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)