အမရပူရ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းကစတင်၍ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ် ရေမြင့်တက်လာမှုကြောင့် ရေများဝင်ရောက်နေသည့် လိပ်ဆံခွန်ကျေးရွာအုပ်စု၊ ဘနောကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများမှာ ရေလွတ်သည့် မိမိတို့၏ နီးစပ်ရာဆွေမျိုးထံသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
၎င်းတို့၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များမှ ဘနောကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ဆီပိဿာချိန်(၂၀၀)နှင့် ကြက်ဥများကိုလည်းကောင်း လိပ်ဆံခွန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ဆီပိဿာချိန်(၁၀၀)နှင့် ကြက်ဥများအား အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
စိုးသီဟ(အမရ)