လွိုင်လင် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အ.လ.က(၁) ကျောင်းတွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပါသည်။
ရှေးဦးစွာ ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တိုင်းရင်းဆေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိက ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၁၂၀) ဦးတက်ရောက်ကြသည်။
လွိုင်လင်မိုး(ပြန်/ဆက်)