တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၅) မြို့နယ်အမျိုးသမီးအသက်(၂၀)အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၅) မြို့နယ် အမျိုးသမီးအသက်(၂၀)အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ဖွင့်ပွဲအမှာစကားပြောကြားပြီး တောင်ငူမြို့နယ်အသင်းနှင့် ဖြူးမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ငူမြို့နယ်အသင်းမှ (၂ - ၀)ဂိုးဖြင့် ဖြူးမြို့နယ်အသင်းအား အနိုင်ရရှိသည်။

တောင်ငူမြို့၌ ခရိုင်အဆင့် အသက်(၂၀)အောက် အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲကို ခရိုင်အားကစားကွင်း၌ ဇူလိုင် ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရှုံးထွက်ပွဲစဥ်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(က)တွင် ရေတာရှည်အသင်း၊ အုတ်တွင်းအသင်းနှင့် ထန်းတပင်အသင်း၊ အုပ်စု(ခ)တွင် ဖြူးအသင်းနှင့် တောင်ငူအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ယနေ့နံနက် (၈) နာရီအချိန်တွင် ရေတာရှည်မြို့နယ်အသင်းနှင့် အုတ်တွင်းမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားရာ ရေတာရှည်မြို့နယ်အသင်းမှ (၁-၀)ဂိုးဖြင့် ​အုတ်တွင်းမြို့နယ်အသင်းအား အနိုင်ရရှိကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို