ပင်လောင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်ပေးအပ်

ပင်လောင်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌  ပေးအပ်သည်။

ထို့သို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ရှမ်းတောင်)မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ် (၁၅) သိန်းတန်းဖိုးရှိ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ရှမ်းတောင်) အဖွဲ့ကိုယ်စား ပင်လောင်းမြို့နယ်မှ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်